လ - မတ် 2017

ဖွင့်လှစ်ကမ်းကြိုနေသော လက်များ

ကျွန်မခင်ပွန်း Dan နှင့်အတူ အသက်ကြီးသူ မိဘနှစ်ပါးကို ကြည့်ရှုပြုစုခဲ့စဉ်က တစ်ယောက်လက် တစ်ယောက်ကိုင်ကာ တောင်ကမ်းပါးမှ တွဲလွဲခိုနေရသလို ခံစားခဲ့ ရသည်။ ကြည့်ရှုပြုစုခြင်းအမှုတွင် ကျွန်မတို့၏စိတ်နှလုံးကို အစစ်ဆေးခံရန်၊ ပုံသွင်းခံရန်၊ အထူးသဖြင့် ယခုကဲ့သို့သောအချိန်တွင် အသစ်သော နည်းလမ်းများဖြင့် ဘုရားရှင်အသုံးပြုရန်  အခွင့်ပေးခြင်း တို့သည်  အခက်ခဲဆုံး သောအရာဖြစ်မည်ဟု ကျွန်မတို့ ထင်မထားခဲ့ပါ။
နေ့အချိန်တွင် ကျွန်မသည် မြေပြင်ပေါ်သို့ အဆီးအတားမရှိ ခေါင်းစိုက်ထိုးဆင်းကျသလို ခံစားရပြီး ဘုရားရှင်သည် ကျွန်မလုပ်ဆောင်ရမည့်တာဝန်များ၊ ကြိုတင် စီစဉ်ထားသောအရာများ၊ ကြောက်ရွံ့မှုများ၊ မာန်မာနနှင့် တကိုယ်ကောင်းဆန်မှုများကို ဖော်ပြပါသည်။ တစ်ဖန် ဘုရားရှင်သည် ကျွန်မ၏ ကျိုးပဲ့ကြေမွမှုများကို အသုံးပြုကာ  သူ၏ချစ်ခြင်းနှင့် ခွင့်လွှတ်ခြင်းကို ပြသခဲ့သည်။
ကျွန်မ၏သင်းအုပ်က ‘‘ဘုရားမရှိဘဲ ကိုးယိုးကားယား ဖြစ်နေတဲ့ မင်းကိုယ်မင်း အရှိကို အရှိအတိုင်း မြင်တဲ့နေ့ဟာ အကောင်းဆုံး နေ့ပဲ။ ပြီးတော့မှ…

သဘာဝလွန် ခွင့်လွှတ်ခြင်း

အိုအဘ၊ သူတို့၏အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြ။ (လု ၂၃:၃၄)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ရှင်လုကာခရစ်ဝင် ၂၃:၂၆-၃၄

၂၆ ကိုယ်တော်ကို ထုတ်သွားကြစဉ်၊ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတစ်ယောက်သည် တောရွာမှလာသည်ကို သူတို့သည်…

မျှော်လင့်မထားသော အင်တာဗျူး

လူကျပ်သိပ်နေသော လန်ဒန်မြို့၏ခရီးသည်တင်ရထားပေါ်တွင် နံနက်စောစော ရထားစီးသူတစ်ဦးက သူလမ်းကိုလာပိတ်သည့် အခြားခရီးသည်တစ်ဦးကို တိုးဝှေ့ကာ ကြိမ်းမောင်းပြောဆိုခဲ့သည်။ ၎င်းသည် အဓိပ္ပာယ်မရှိ၊ တစ်ဖက်သားက ဘာမျှ ပြန်မဖြေရှင်းရဘဲ ဤအတိုင်း မခံချိမခံသာဖြစ်ကျန်ခဲ့ရသည်။ နေ့လယ်ခင်းခန့်တွင် မထင်မှတ်သောအရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ စီးပွားရေး လုပ်ငန်းရှင် မန်နေဂျာတစ်ဦးသည် သူ၏ လူမှုကွန်ယက်မှ သူငယ်ချင်းများထံ စာတစ်စောင် ရေးပို့ခဲ့သည်။ ‘‘ဘယ်သူ အလုပ်အင်တာဗျူး လာဖြေသလဲဆိုတာ ခန့်မှန်းကြည့်ကြ ပါလား’’။ သူ့အဖြေကို ပြောပြသောအခါ ကမ္ဘာတစ်ဝန်းမှ လူများက မဲ့ပြုံး ပြုံးမိကြသည်။ မနက်က သင်တိုးဝှေ့ပြီး ဆဲဆိုကြိမ်းမောင်းခဲ့သူက အလုပ်အင်တာဗျူးတွင် သင့်ကို ကြိုဆိုနှုတ်ဆက်သူ ဖြစ်နေသောအခါ မည်သို့ဖြစ်သွား မည်နည်း။ မြင်ကွင်းကို မြင်ယောင် ကြည့်လိုက်ပါ။
ရှောလုသည်လည်း သူမျှော်လင့်မထားသူနှင့် ပက်ပင်းတိုးခဲ့သည်။ ‘‘သခင်ဘုရား၏လမ်းစဉ်တော်ကို  လိုက်လျှောက်သောသူ’’ များကို (တမန် ၉း ၁-၂ -ခေတ်သုံး)   သတ်ဖြတ်ရန်ခြိမ်းခြောက်လျက်…

ငါ မဟုတ်ဘူး

ပြီးခဲ့သော အားလပ်ရက်ခရီးထွက်စဉ်က ကျွန်တော် မုတ်ဆိတ်မွှေး အရှည်ထားခဲ့သည်။ သူငယ်ချင်းများနှင့်လုပ်ဖော်ဆောင်ဖက်များထံမှ တုံ့ပြန်မှုအမျိုးမျိုးရရှိခဲ့ပြီး အများစုမှာ  အကောင်းဘက်မှ ဖြစ်သည်။ သို့သော် တစ်ရက်တွင် မုတ်ဆိတ်မွှေးကို ကြည့်ပြီး `ဒီလူက ငါမဟုတ်ဘူးဘဲ´ ဟုဆုံးဖြတ်ပြီး မုတ်ဆိတ်ရိတ်ဓားထုတ်ကာ ရိတ်ပစ်လိုက်သည်။
မိမိသည် မည်သို့သောသူဖြစ်သည်ကို စဉ်းစားရင်း  အကြောင်းအရာ တစ်ခုမဟုတ်တစ်ခုက မိမိ၏စရိုက် လက္ခဏာနှင့် အဘယ်ကြောင့် အံဝင်ခွင်ကျ ဖြစ်မနေသနည်း   ဟု တွေးမိသည်။ အဘယ်ကြောင့်ဆိုသော် အခြေခံအားဖြင့်၊ ဘုရားသခင်သည် လူတစ်ယောက်ချင်းစီကို မတူညီမှုများနှင့် အားသာချက်များ ပေးထားခြင်းကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် ၀ါသနာများ မတူညီ၊ စားသည့်အစာ မတူညီ၊ ၀တ်ပြုသည့် အသင်းတော်မတူ၊ သို့သော် ကိစ္စမရှိပါ။ ကျွန်ုပ်တို့
တစ်ယောက်စီတိုင်းသည် အတုမရှိ အံ့ဖွယ်ထူးခြားစွာ ဖန်ဆင်းခံထားရသူများဖြစ်သည် (ဆာ ၁၃၉း၁၄)။ ကျွန်ုပ်တို့သည် အချင်းချင်းကို အစေခံရန်အလိုငှာ မတူညီသော ဆုကျေးဇူးများ…

၀မ်းနည်းဖွယ် နိဂုံးမှ အောင်မြင်ခြင်းသို့

ကရာနီ အမည်ရှိသောအရပ်သို့ ရောက်ကြသော် ကိုယ်တော်ကို . . . လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။ (လု ၂၃:၃၃)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ရှင်လုကာခရစ်ဝင် ၂၃:၄၄-၅၆

၄၄ ထိုအချိန်တွင် မွန်းတည့်အချိန်လောက်ဖြစ်၍ သုံးချက်တီးချိန်တိုင်အောင်…

မမှားနိုင်သော သက်သေများ

(ယေရှုသည်). . . မိမိ အသက်ရှင်သည် အကြောင်းကို ခိုင်ခံ့သော သက်သေအများအားဖြင့် ပြတော်မူ၏။ (တ ၁:၃)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ တမန်တော်ဝတ္ထု ၁:၁-၁၁

အို သောဖိလု၊ ယေရှုသည်…

မေဒေး

အပြည်ပြည်ဆိုင်ရာ ပရိဒေ၀လက္ခဏာအချက်ပြဖြစ်သော “မေဒေး” ဟူသည့် စကားလုံးကို တစ်ခါခေါ်လျှင် သုံးကြိမ်ဆက်တိုက် “မေဒေး-မေဒေး-မေဒေး” ဟု ထပ်ခါထပ်ခါ ရေရွတ်ရသည်။ သို့မှသာ အသက်အန္တရာယ်အတွက် အရေးပေါ် အခြေအနေ ဖြစ်သည်ဟု ရှင်းလင်းပြတ်သားစွာ နားလည်နိုင်မည်ဖြစ်သည်။ ထိုစကားလုံးကို လန်ဒန်မြို့Croydon လေဆိပ်မှ   အကြီးတန်း ရေဒီယို အရာရှိ Frederick Stanley Mockford က တီထွင် ခဲ့သည်။ ယခုအခါ အသုံးမပြုတော့သော ထိုလေဆိပ်ကြီး သည် တစ်ချိန်က ပဲရစ်မြို့ရှိ Le Bourget လေဆိပ်နှင့် လေယာဉ်ခရီးစဉ်ပေါင်းများစွာကို ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲ ခဲ့သည်။ National Maritime ပြတိုက်၏အဆိုအရ Mockford သည် “ကူညီပါ” ဟု အဓိပ္ပာယ်ရသည့် ပြင်သစ်စကား “m’aidez” ကို သုံးပြုပြီး “Mayday”ဆိုသော ဝေါဟာရကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ဒါဝိဒ်မင်းကြီး၏အသက်တာတစ်လျှောက်တွင်…